ဟဲလို...ဟဲလို...ဟဲလို....
ဟဲ..ဟဲ.....ကျွန်တော့်ကို မှတ်မိသေးလား မသိဘူး။ ကျွန်တော် ခနွဲပါခင်ဗျာ...။ ကျွန်တော် ချစ်တဲ့ ဘလောဂ်နဲ့ ၃ လနီးပါး ခွဲခွာခဲ့ရပါတယ်။ မြန်မာပြည်ကို ပြန်သွားတုန်းကလည်း မနှုတ်ဆက်ခဲ့ရဘူး။ တောင်းပန်ပါတယ်နော်....။ ကျွန်တော် မ၀င်ဖြစ်တာက ကျော်ဖို့၊ခွဖို့ကလည်း မတတ်တာလည်း ပါလိမ့်မယ်ထင်တယ်ဗျ....အခုတော့ သူ့ဘာသာသူ ပွင့်နေတယ်။ ကျော်စရာလည်း မလို...ခွစရာလည်း မလိုဘူးဖြစ်နေတာနဲ့ ၀င်နှုတ်ဆက်တာပါ..။ တကယ်လို့ ပြန်ပိတ်ခဲ့ရင်လည်း ကျွန်တော် ဒိုမိန်းဝယ်ဖို့ အစီအစဉ်ရှိပါတယ်....အလုပ်ကိစ္စလေးတွေရှုပ်နေတာနဲ့ မ၀ယ်ဖြစ်သေးတာ။ အခုတော့ ကျွန်တော် တောင်ကြီးမှာ နေပါတယ်.။ အလုပ်ကိစ္စနဲ့သွားရမှာက ကလော၊ပင်းတယ၊ရပ်စောက်၊ဖယ်ခုံ၊လဲချား ဖက်တွေမှာပါ။ အားလုံးကို သတိရတယ်...အရင်ကလို ဘလောဂ် လည်ချင်ပေမယ့် ကွန်နက်ရှင်က လည်း သိပ်မကောင်းတော့ စိတ်ကမရှည်ချင်ဘူးရယ်။ ဒိုးဆို ဒေါက်မှ ကြိုက်တော့ ကျွန်တော် တော်တော် ဒုက္ခရောက်နေတာပေါ့..။ နောက်ဆို အမြဲလိုလို ၀င်ဖြစ်ပါမယ်...။ စာတွေလည်း ဖတ်ပါတော့မယ်...။ အားလုံး မျက်စိနောက်ရင်တော့ ခွင့်လွှတ်နော့....။အဲ...အဲ မေ့နေမှာစိုးလို့ ထပ်မိတ်ဆက်ဦးမယ်...ကျွန်တော် ခနွဲပါ..။ မြင်းခြံဇာတိ...။ စာတော့ သိပ်မရေးတတ်ဘူး..။ ဒါပေမယ့် စာတွေရေးတယ်...။
မှတ်မိတယ်နော်...စိန်ဘယက်တဲ့ အဲ....ခနွဲတဲ့....
ဓါတ်ပုံကို ဂူဂယ်မှ ယူထားပါသည်။...
လေးစားစွာဖြင့်
ခနွဲ(မြင်းခြံ)
ခေတ္တ-တောင်ကြီး..


သိပါတယ် ...
ReplyDeleteမြင်းခြံနဲ့ တောင်ကြီး အင်းးးးးး လျောင်ကီးကို သွားတွေ့နေတာလား :)
ReplyDeleteလိုဟယ်....လိုဟယ်....မကျော်တတ်ရင် ဆိုင်ကိုကျော်ခိုင်းရတယ်
ReplyDeleteခင်မင်တဲ့
seesein
မှတ်မိပါသည်
ReplyDeleteHello hello hello back to you!!! Take care and looking forward to read new posts.
ReplyDeleteဟာ သိပ်.....ကို မှတ်မိတာပေါ့ဗျာ။ ကိုခနွဲဆိုတာ တခြားမှမဟုတ်ဘဲ ခနွဲ-မြင်းခြံက ဥစ္စာ။ ဟုတ်တယ်မလား။ တောင်ကြီးရောက်ရင် ဘုန်းဘုန်းတို့ရွာကိုလည်း သွားလည်ဦးလေ။ တောင်ကြီးကနေ မိုင် ၂၀-လောက်ပဲ ထပ်သွားရမှာ။ ကျောက်တန်းကားစီးရင်ရောက်တယ်။ ကျောက်တန်းမရောက်ခင် ထီဖူးရွာနော်။ တောင်ကြီးမှာ အေးမှာပေါ့ အရမ်း။ ကျန်းမာပျော်ရွှင်ပါစေနော့...
ReplyDeleteဟလို ဟလို မှတ်မိနေဆဲ အမှတ်ရနေဆဲပါ အကို :):)
ReplyDeleteအခုတော့ လိုင်းပွင့်နေလို့ တတ်လာတဲ့ တောင်ကြီးက ခနွှဲ ဖြစ်နေပြီပေါ့လေ။ ဟဲဟဲ . . . ဝဲလ်ကမ်းပါ။
ReplyDeleteဟလို ကို ခနွဲလားခင်ဗျာ
ReplyDeleteဟုတ်မယ် မထင်ပါဘူး
အသံတွေ ဘာတွေတောင် ပြောင်းသွားလို့
ပါလား
(ဒုတိယ)
ကိုခနွှဲကြီးရဲ့ စာတွေကို စောင့်မျှော်နေဆဲပါဗျာ။။။
ReplyDeleteမြင်းခြံ က ဘယ်နားလဲး)
ReplyDeleteစာတွေပြန်တင်ပါတော့နော်
ReplyDeleteတောင်ကြီးက jasmine တို့အိမ်ကိုဝင်လိုက်ပါဦး
သိမယ်ထင်တယ်.....မိုးတွေအရမ်းရွာနေတယ်ဆို
ခင်မင်တဲ့
စာတွေ ပြန်လာရေးပါတော့ဗျိုးးး။ မြန်မာပြည်မှာ blogspot ပွင့်နေတယ်ဆိုတော့ သတင်းကောင်းပဲ။
ReplyDeleteခင်တဲ့
မေသိမ့်
မှတ်မိပါတယ်။
ReplyDelete